ပလပ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပလပ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်


MNP ၊ မေ  ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများအနေဖြင့် အများပြည်သူအသိပညာပြန့် ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ သင်တန်း များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များကိုပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ မေလ(၁၈)ရက်နေ့နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အကြိုအဖြစ် ပလပ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင် ရွက်စို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။   


အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ပေါ်ပေါက်လာပုံ၊ ယနေ့ကမ္ဘာနှင့် မြန်မာနိုင်ငံ တွင် ပလပ်စတစ်သုံးစွဲမှုအခြေအနေ၊ ပလပ်စတစ်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုအခြေအ နေများ၊ ပလပ်စတစ်သုံးစွဲမှု လျှော့ချနိုင်တဲ့ နည်းလမ်းများကို မေးမြန်းဆွေးနွေးရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးပီတာတိုင်ဆွမ်းဟောင်က ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖြေ ကြားခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)