ပေါက်တောမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်က်အဦနှင့်သစ်ပင်၊ သစ်ကိုင်းများအားရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်က်အဦနှင့်သစ်ပင်၊ သစ်ကိုင်းများအားရှင်းလင်းဆောင်ရွက်






MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပျက်စီးသွားသည့် အဆောက်အဦနှင့် သစ်ပင် သစ်ကိုင်းများ ရှင်းလင်းရေးနှင့် အမြန်ဆုံးပြန်လည်ထူ ထောင်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ထိုသို့ အဆောက်အဦနှင့် သစ်ပင် သစ်ကိုင်းများ ရှင်းလင်းရေးနှင့် အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် ပေါက်တောမြို့နယ်သို့ လူမှုကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၁၆)ဦးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် မြို့နယ်ပြည့်သူ့ဆေးရုံဝင်းအတွင်း ပျက်စီးသွားသည့် အဆောက်အဦနှင့် သစ်ပင် သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။ အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း ကျောင်းများအချိန်မီဖွင့်လှစ်နိုင်စေရန်အတွက်  အ.ထ.က-ပေါက်တော ကျောင်းဝင်းအတွင်းရှိ ပျက်စီးသွားသည့် အဆောက်အဦနှင့် သစ်ပင် သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းခဲ့ကြပြီး အမှိုက်သိမ်းကားဖြင့်စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။


ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုရားစေတီများနှင့် ဘုန်တော်ကြီးကျောင်းများ၊ လူနေအိမ်များ ၊ ရုံးအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုတို့ကို ဦးစားပေးအစီအစဥ်ဖြင့် အမြန်ဆုံးရှင်းလင်းဖယ်ရှားခြင်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)