မြင်းမူမြို့နယ်ရုံးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးTalk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူမြို့နယ်ရုံးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးTalk Show ကျင်းပ


MNP ၊ မေ  ၁၉

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀) နာရီက ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြင်းမူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က ပြည်သူအသိပညာပေး  Talk Show များ  Oline  မှတဆင့်   ရိုက်ကူးထုတ်လွှင့်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီမှူး ဦးဇင်ကိုကိုမင်းက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ   သိကောင်းစရာများကို၊    လေထုညစ်ညမ်းမှုမရှိ စေရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးစသည့် အကြောင်းအရာများကို  ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသု တရရှိစေရန်အတွက် Talk Show များ၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ စာအုပ်၊ စာစောင် များငှားပေးခြင်းနှင့်အတူ ကလေးငယ်များ   ဉာဏ်ရည်ထက်မြက်စေရေး အတွက် ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ် ဆိုပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။


အောင်စိုးဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment