ဟင်္သာတမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး


MNP ၊ မေ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီအလိုက် စိုက်ပျိူးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃ မိုးချေးငွေကို ယမန်နေ့နံနက် ၁၀ နာရီမှစ၍ လယ်တော် ကျေးရွာအုပ်စုမှ တောင်သူများအား စိုက်ပျိူးစရိတ်ချေးငွေများစတင် ထုတ်ချေးပေးခဲ့သည်။


ဟင်္သာတမြို့နယ်တွင် နှစ်စဉ်မိုးရာသီအလိုက် စိုက်ပျိူးစရိတ်ချေးငွေများကို တောင်သူများအား မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲဖြင့် စိုက်ပျိူးချိန်အမီ ယနေ့ မေလ ၁၈ ရက်မှ စတင် ထုတ်ချေးပေးလျက်ရှိပြီး ယနေတွင် လယ်တော်အုပ်စုရှိ တောင်သူ ၂၀ဦးအား (၁၄၃)ဧကအတွက် ငွေကျပ် နှစ်ရာတစ်ဆယ့်လေးသိန်းငါးသောင်းကို ထုတ်ချေးခဲ့ကာ ကြွေးကျေသည့် ကျန်ကျေးရွာ အုပ်စုများအား ဆက်လက် ထုတ်ချေးသွားမည်ဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲ ကြီးကြပ်ရေးမှုး ဒေါ်ဝေဝေဖြိုးစံ ထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)