ဘိုကလေးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေး


MNP ၊ မေ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ယမန်နေ့နံနက်(၈)နာရီ အချိန်၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူ များသို့ စတင်ထုတ်ချေးပေးသည်။


ချေးငွေထုတ်ချေးရာသို့ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး ချေးငွေထုတ်ချေးမှုမှင့် ပတ်သတ်၍ လိုအပ်သည် များစစ်ဆေး လမ်းညွှန်မှာကြားကာ ဘိုကလေးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်မြမြဦးနှင့်အတူ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး ပေးခဲ့သည်။


ချေးငွေထုတ်ချေးရာတွင် ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုမှ တောင်သူ(၁၃၈)ဦးအား စိုက်ဧက(၁၂၃၉)ဧကအတွက် (၁)ဧကလျှင် ငွေကျပ်(၁)သိန်းခွဲနှုန်းဖြင့် ကျပ်သိန်းပေါင်း(၁၈၅၈.၅၀)သိန်း ထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းမှာ ငွေကျပ်(၁၀၀)လျှင် တစ်နှစ်(၅%)နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေဖြစ်သည့်အတွက် မိုးစပါးပေါ်ချိန် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ပြေကျေအောင်ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ဘိုကလေးမြိုနယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၆) အုပ်စုမှ စိုက်ဧက (၅၀၀၀၀)ကျော်အတွက် တစ်ဧကလျှင် ငွေကျပ်(၁)သိန်းခွဲနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၇၅၀၀၀)ကျော် ထုတ်ချေးပေးရန် ခန့်မှန်းလျာထားကြောင်း သိရသည်။


မိုးစက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment