အမ်းမြို့တွင် အသျှိုချင်းတိုင်းရင်းသားဝတ်စုံဂျပ်ခုတ်ရက်လုပ်ရောင်းချသူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့တွင် အသျှိုချင်းတိုင်းရင်းသားဝတ်စုံဂျပ်ခုတ်ရက်လုပ်ရောင်းချသူများ အဆင်ပြေ





MNP ၊ မေ  ၁၈

      ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊အမ်းတောင်အုပ်စု ပျဥ်းတောကျေးရွာ၌အသျှိုချင်းတိုင်းရင်းသားရိုးရာဂျပ်ခုတ်ဝတ်စုံရက်လုပ်ရောင်းချနေသူများနှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအင်းဥက္ကဌနှင့်အဖွဲ့ယနေ့ နေ့လည်အချိန်က သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ရာ အဆင်ပြေအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။


    အမ်းမြို့နယ် အတွင်းဒေသထွက်အသျှိုချင်းတိုင်းရင်းသား ရိုးရာဂျပ်ခုတ်ရက် လုပ်ရောင်းချနေသူများနှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအ သင်းဉက္ကဌဒေါ်ဇူလိုင်ထွေးနှင့်အဖွဲ့ဝင်များက ကျေးလက်နေပြည်သူများ ၏ အသေးစားအလတ်စားကုန်ထုပ်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသူအသျှိုချင်းတိုင်းရင်းသားရိုးရာဝတ်စုံဂျပ်ခုတ်ရက်လုပ်ရောင်းချသူများ အိမ်အမိုးသက်ကယ်ရက်လုပ်ရောင်း ချနေသူများနှင့်သွားရောက်တွေ့ဆုံအားပေး စကားများပြောကြားပြီးအသျှိုချင်းတိုင်း ရင်းသားရိုးရာဝတ် စုံရက်လုပ်ရောင်းချနေသူများနှင့်တွေ့ ဆုံမေးမြန်းခဲ့ရာအမျိုး သားကျားဝတ်စုံတစ်လျင် ငွေကျပ် နှစ်သိန်းကျော်ခန့်ရောင်း ချရပါကြောင်းအမျိုးသမီးဝတ်တစ်စုံနှစ်သိန်းခန်ရှိပါကြောင်း အမျိုးအစားပေါ်မူတည်၍စျေးနှုန်းအတက် အကျ ရှိကြောင်း ရိုးရာဝတ်စုံ တစ်စုံ၁၅ ရက်ခန့်ရက် လုပ်ရပါကြောင်းယခင်နှစ်များကတိုင်းရင်းသား ရိုးရာပွဲများမရှိ၍ ရက် လုပ်ရောင်းချမှုအဝယ်မလိုက်ဘဲယခုနှစ် တိုင်းရင်းသားရိုးရာပွဲများကြောင့်အဝယ် လိုက်၍ ရောင်းအားကောင်းကာဂျပ်ခုတ်ရက် လုပ်နေသူများ စီးပွား​ရေးအဆင် ပြေလျက်ရှိ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)