သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှုသင်တန်း ဒုတိယအကြိမ် ထပ်မံဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှုသင်တန်း ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်



MNP ၊ မေ  ၂၇

ကျောင်းသားလူငယ်များ ဗုဒ္ဓယဥ်ကျေးမှု စာပေများ ပိုမိုသိရှိနားလည်စေရန်၊ ယဉ်ကျေးလိမ္မာပြီး အမျိုးဘာသာ၊ သာသနာနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်စေရန်၊ ဗုဒ္ဓဘာသာ၊ သာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက် တန်းကျောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအကြိမ် ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ယနေ့နံက်( ၁၀) နာရီကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းနားအား နမောတဿ (၃)ကြိမ် ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ( ၃) ကြိမ် ရွတ်ဆိုရုပ်သိမ်းခဲ့သည်။


အဆိုပါ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းတွင် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူ (၇၀)ဦးအား စာရေး ကိရိယာများ​ ပေးအပ်လှူဒါန်းခဲ့​သည်၊ အဆိုပါ သင်တန်းအား သင်တန်းနည်းပြ ဆရာမ( ၃)ဦးမှ ( ၂၆-၅၂၀၂၃ မှ ၂၉-၅၂၀၂၃) နေ့အထိ ဒုတိယအကြိမ် ဆက်လက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)