အမ်းမြို့ပညာအလင်းတံခါးစာကြည့် တိုက်၌စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့်လူငယ်အသိပညာပေးဟောပြော ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ပညာအလင်းတံခါးစာကြည့် တိုက်၌စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့်လူငယ်အသိပညာပေးဟောပြော ပွဲ ကျင်းပ






MNP ၊ မေ  ၁၉

    ရခိုင်ပြည်နယ် အတွင်းရှိကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်နှင့် ကျေး ရွာစာကြည့်တိုက်များ ရေရှည်ရှင် သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍  အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဌနှင့် အ သင်းဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာရှိ  ပ ညာအလင်းတံခါးစာကြည့်တိုက် သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။


    အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာကြည့် တိုက်ကော်မတီဝင်များ၊ စာပေဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံကာ စာကြည့် တိုက်များ သက်ဝင်ရှင်သန်ရေး၊ စာအုပ်စာစောင်တိုးပွါးရေး၊ စာဖတ်သူ တိုးပွားရေးနှင့် ကျေးရွာတိုင်း စာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး၊ စာကြည့် တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ကျောင်းသားကျောင်းသူလူငယ်များကျောင်းပြင်ပချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုစေရေး၊စာဖတ်ဝိုင်းများကျင်းပရန်လိုအပ်ကြောင်း

ပြောကြားကာ လူငယ်အသိပညာပေး ဆွေးနွေးဟော ပြောပွဲနှင့်စာဖတ်ဝိုင်းများအားကျင်းပကာလူငယ်အသိပညာပေးအကြောင်းအရာများအားပြောကြားခဲ့သည်။ 


ဆက်လက်၍  မြို့နယ်အမျိုးသ မီးရေးရာဥက္ကဌဒေါ်ဇူလှိုင်ထွေးက အမျိုး သမီးအကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည့် ဥပဒေများဆောင်ရန်ရှောင်ရန် အသိပညာပေအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။


    ထို့နောက် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြစ်ရေးနံရံကပ်စာ

စောင်၊ ကလေးသူငယ်အလုပ် သမားပပျောက်ရေး အသိပညာပေးစာစောင်၊လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးနံရံကပ်စာစောင်များ၊ မှတ်တမ်း ဓာတ်ပုံများကို စာပေဝါသနာရှင် လူငယ်များက စိတ်ဝင်တစား လေ့လာကြည့်ရှုကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့် မြို့နယ်အ မျိုးသမီးရေးရာဥက္ကဌ ဒေါ်ဇူလှိုင်ထွေးတို့က ရှင်းလင်းပြောကြားပေးခဲ့ ကြသည်။


      ဆက်လက်၍အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း အဆင့်မြင့်အပ်ချုပ်သင်တန်းတက်ရောက်နေသောသင်တန်း

သူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားကာ လူငယ်အသိပညာပေးအကြောင်းအရာများအားဟောပြော

ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)