ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ



MNP ၊ မေ  ၁၉

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ယနေ့ နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


      ထိုသို့ထုတ်ချေးရာတွင် ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရန် တောင်သူ (၉၁၉၁)ဦးဖြစ်ပြီး တစ်ဧကလျှင် ချေးငွေကျပ် ၁၅၀၀၀၀/-နှုန်းဖြင့် လယ်ဧက (၄၈၃၅၅)အတွက် ငွေကျပ်သိန်း (၇၂၅၃၂)ကျပ်လျာထားခြင်းဖြစ်ကြောင်း နှင့် အဆိုပါချေးငွေများကို ၂၀၂၃-ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၂၄-ခုနှစ် ၊ဧပြီလကုန် သတ်မှတ်ရက်အတွင်း နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊မန်နေဂျာ ဒေါ်သီသီလှိုင်က ရှင်းလင်းပြောကြားခဲ့သည်။


       ထို့နောက် တောဟိုင်ကျေးရွာမှ တောင်သူ (၅)ဦးအား လယ်ဧက (၂၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၄၀၅၀၀၀၀/-)ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)