ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီး အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီး အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊ မေ  ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်းပြီးမေ(၁၉)ရက်နေ့ နံနက်(၁၀)နာရီက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က  အမျိုးသမီးများ အကြမ်းဖက်မှုအန္တရာယ်မှကာကွယ်နိုင်ရန်နည်းလမ်းများကိုပြည်သူများသိရှိ‌ စေရန် ရည်ရွယ်၍  Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


     ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာလွင်က အမျိုးသမီးများအားအကြမ်းဖက်ခြင်းအကြောင်း၊အမျိုးသမီးများ၏အခွင့်အရေး၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအမျိုးအစားများ၊အကြမ်းဖက်မှုများမှရရှိလာသောအကျိူးဆက်များ၊အမျိုးသမီးများအပေါ် ခွဲခြားနှိမ်ချဆက်ဆံခြင်း စသည့်အကြောင်းအရာများကိုအကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)