ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ချေးငွေကျပ်သန်းပေါင်း (၃၉၀၀) ထုတ်ချေးရန် လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ​ မိုးရာသီစိုက်ပျိုးစရိတ်​ချေးငွေကျပ်သန်းပေါင်း (၃၉၀၀) ထုတ်ချေးရန် လျာထား


MNP ၊ မေ  ၁၈

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေများကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိရာ  ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေး‌ငွေ ကျပ်သန်းပေါင်း (၃၉၀၀)သန်းခန့် ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။


စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧက ​ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံမြေပဲ၊ နှမ်း၊ ပဲစိမ်းငုံ၊ တစ်ဧကလျှင် ​ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိရာ တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက ၁၀ ဧကအထိထုတ်ချေးနိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀ ကို တစ်နှစ်လုံးအတွက် ၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး သီးနှံပေါ်ချိန် ပြန်ဆပ်သည့်အခါ တိုးရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။


စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှုအနေဖြင့် ချောက်မြို့နယ်အတွင်း ဝသဲစမ်းအုပ်စုတို့မှ တောင်သူဦးရေ (၂၂၀)ဦး၊ ဧကပေါင်း (၁၄၀၄)ဧကအတွက် ထုတ်ချေးငွေကျပ်သိန်း (၁၄၀၄)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ​ချောက်မြို့နယ်တွင်​ကျေးရွာအုပ်စု(၄၉)စုတွင် ကျေးရွာအုပ်စု (၁)အုပ်စုအား မိုးရာသီစိုက်ပျိုး​ငွေများ ထုတ်​ချေးပေးပြီးဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေ စပါး(၅၀)ဧက၊ အခြားသီးနှံ (၃၅၉၂၅) ဧက၊ စုစု​ပေါင်း (၃၅၉၇၅)ဧက၊ ​တောင်သူ​ပေါင်း (၆၀၀၀)ဦးအတွက် ငွေကျပ်သန်းပေါင်း (၃၉၀၀) လျာထားလျက်ရှိ​ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်‌နေဂျာထံမှ သိရသည်။


ကျော်မိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)