တနင်္သာရီမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက်အတွင်း (ဗုဒ္ဓနေ့) အာရုဏ်ဆွမ်းနှင့် နံ့သာရည် သွန်းလောင်းပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက်အတွင်း (ဗုဒ္ဓနေ့) အာရုဏ်ဆွမ်းနှင့် နံ့သာရည် သွန်းလောင်းပူဇော်ပွဲ ကျင်းပ





MNP ၊ မေ ၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ၁၃၈၅ခုနှစ်၊ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ကို ရည်မျှော်မှန်း၍ အာရုဏ်ဆွမ်းလှူဒါန်းပြီး မဟာဗောဓိညောင်ပင်တို့အား နံ့သာရည်သွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို မြို့ဦးပရိယတ္တိစာသင်တိုက်ဓမ္မာရုံအတွင်း  ယနေ့ နံနက် ၅ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီမြို့နယ်၊အမှတ်(၂) စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ ဘောဇနဆောင်အတွင်း ဆရာတော်/သံဃာတော်များနှင့် ပရိယတ္တိစာသင်သား ရှင်သာမဏေများ၊ ကျောင်းသားများ စုစုပေါင်း(၄၆)ပါးတို့အား အမှတ်(၂)စစ်နယ်မြေမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်ဆုဝင်းနှင့် ကော်မတီဝင်များက သံဃာတော်တစ်ပါးလျှင် ဝတ္ထုငွေ (၅၀၀၀) ကျပ်နှုန်းဖြင့် ဆက်ကပ်လှူဒါန်းပေးကြောင်း သိရှိရသည်။


 ထို့နောက် နံနက် ၆နာရီ ၃၀အချိန်တွင် မြို့ဦးပရိယတ္တိစာသင်တိုက်-သာသနာ့ဟိတဓမ္မာရုံအတွင်း သဲဖြူရွာ-အောင်ချမ်းသာကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တပုည က လူပရိသတ် အပေါင်းတို့အား ငါးပါးသီလချီးမြှင့်ပေးပြီး ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ကို အကြောင်းပြု၍ ဩဝါဒတရားချီးမြှင့်ပေးတော်မူရာ အမှတ်(၂)စစ်နယ်မြေမှူးက (၂၄)ပြည်ဝင်ဆန်တစ်အိတ်ကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး ဒေါ်မြတ်ဆုဝင်းတို့က တရားဟောဆု(၅၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ဆက်ကပ်လှူဒါန်းပေးကြကာ အလှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ သာဓုသုံးကြိမ်ခေါ်ဆိုခဲ့ကြသည်။


တစ်ဆက်တည်းမှာပင် အဆိုပါ မြို့ဦးပရိယတ္တိစာသင်တိုက်အတွင်းရှိ မဟာဗောဓိညောင်ပင်ကြီးနှင့် ဂြိုဟ်ခွင်ဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား အမှတ်(၂)စစ်နယ်မြေမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗုဒ္ဓနေ့ကို ရည်မှန်းလျက် နံ့သာရည်/အမွှေနံ့သာများဖြင့် သွန်းလောင်းပူဇော်ပေးကြကြောင်း သိရသည်။


အလားတူ အခမ်းအနားသို့ တက်ရောက်လာကြသည့် လူပရိတ်သတ်အပေါင်းတို့အားလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန့်ဟင်းခါး/လက္ဘရည်နှင့်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)