ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)အကြောင်းအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)အကြောင်းအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP ၊ မေ ၃

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍  မေ(၃)ရက်နေ့ နေ့လည်ပိုင်း က ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးယုဝေက ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ရိုးရာမပြတ် ဆက်လက်ထိန်းသိမ်းသင့်ကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး  မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ခင်ခင်ဆွေ ၊မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်ထူးလဲ့လဲ့ဦးတို့က ကဆုန် လညောင်ရေသွန်းပွဲဖြစ်ပေါ်လာပုံအကြောင်း၊ကဆုန်လပြည့်နေ့၏ထူးခြား သောဝိသေသများ၊ဖွားဖက်တော်ခုနစ်ပါး၊စေတီ(၄)မျိုး၏အဓိပ္ပါယ်တို့ကို အကျယ် တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)