မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီ






ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ 2023 Sea Game ပြိုင်ပွဲကြီးမှာ မြန်မာ့အမျိုးသမီး လက်ရွေးစင်အသင်းဟာ အုပ်စုကို လွန်မြောက်ပြီး ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ပါတယ်။ ယနေ့ ဆီမီးဖိုင်နယ်ပွဲစဉ် ထိုင်းအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ ဦးဆောင်ဂိုး ၂ဂိုး ပေးခဲ့ရပြီး ဆက်တိုက်ဆိုသလို ခြေပဂိုးတွေ သွင်းယူခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းက အားကစားသမားတွေရဲ့ စိတ်ဓာတ်ကို မချီးမွမ်းဘဲ မနေနိုင်ပါဘူး။ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၂ဂိုး အထိ ဦးဆောင်ဂိုးပေးလိုက်ရတာဟာ တကယ့်ကို စိတ်ပျက်စရာပါ။ သို့သော် မြန်မာအားကစားသမားတွေက စိတ်ဓာတ်မကျဘဲ စနစ်တကျ ပြန်လည်တုန့်ပြန်ရာမှာတော့ အနိုင်ဂိုးရသည်အထိ ခြေပနိုင်ခဲ့ပါတယ်။

မြန်မာအသင်းက ပထမဆုံး ခြေပဂိုးကို ရူပါခိုင် ကလှလှပပ သွင်းယူခဲ့နိုင်သလို ဒုတိယ ခြေပဂိုးကို ဝင်းသိင်္ဂီထွန်း က သွင်းယူပေးခဲ့သလို အနိုင်ဂိုးကို ဆန်းသော်သော် က သွင်းယူပေး ခဲ့ကြပါတယ်။ မိနစ် ၉၀ ပြည့်ပြီး ၂မိနစ်မှာ မြတ်နိုးခင် က မြန်မာအသင်းအတွက် ၄ဂိုး မြောက် ထပ်မံသွင်းယူလိုက်နိုင်ပြန်ပါတယ်။

မြန်မာအသင်းရဲ့ ဂိုးသမားကလည်း ထိုင်းအသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို တည်တည်ငြိမ်ငြိမ် နဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။

ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ဒေသတွင်းမှာ ဦးဆောင်နေတဲ့ ထိုင်းအသင်းကို မြန်မာက ဂိုးပြတ်နဲ့ အနိုင်ယူပြလိုက်ပါပြီ။ ရွှေဖလားလုပွဲကြီးဆီ မြန်မာအမျိုးသမီးအသင်း တက်ရောက်နိုင်ခဲ့ပါပြီ။ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းကို ဘောလုံးအဖွဲ့ချုပ်က သိန်း ၁၅၀၀ ဆုတော်ငွေချီးမြှင့်ထားသလို ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်လို့ ထပ်မံ ဆုချီးမြှင့်မှုတွေကိုလည်း ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မြန်မာလက်ရွေးစင်အမျိုးသမီး အသင်းခေါင်းဆောင်က ရွှေဖလားရသည်အထိ ကြိုးစားသွားမယ်လို့ ပြောကြားထာတာ ရှိပါတယ်။ အခုတော့ သူပြောတဲ့စကားအတိုင်း ရွှေဖလားလုပွဲကြီးဆီ တက်လှမ်းနိုင်ခဲ့ပါပြီ။ ထိုင်းအမျိုးသမီးအသင်းကို အနိုင်ယူခဲ့တဲ့ ပုံစ့မျိုးနဲ့သာ ဆက်ကစားသွားမယ်ဆိုရင် မြန်မာအသင်းရဲ့ ရွှေရောင်အိမ်မက်တွေ လက်တွေ့ အကောင်အထည်ပေါ်လာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အမျိုးသမီးအသင်းကဲ့သို့ပင် အမျိုးသားအသင်းအနေနဲ့လည်း ထိုင်းအသင်း အနိုင်ယူပြီး ရွှေဖလားလုပွဲကြီးဆီ တက်လှမ်းနိုင်စေဖို့ ဆုတောင်းနေမိပါတယ်။


#MyanmarNationalPost

No comments:

Post a Comment