အမ်းမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင် နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်း သားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများစတင် ဆောင် ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင် နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်း သားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများစတင် ဆောင် ရွက်






MNP ၊ မေ  ၂၃

 ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် " ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်း မေ ၂၃ ရက် ၊ ယနေ့ နံနက် ၉ နာရီက စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များအားလုံးတွင် ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ်အတွက် ကျောင်းသား ကျောင်း သူ များကို  ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


 ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင် ရွက်ပေးနေမှုများကို ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင် ခိုင် ဦးဆောင်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးမင်းထက်နှင့်အဖွဲ့ဝင် များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ 


 "ယခု ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအသီးသီးမှာ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ကျောင်းသားကျောင်းသူတွေကို စတင်ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံရာတွင် မည်သည့် အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်း စာအုပ် ၊ ဗလာစာ အုပ်နဲ့ စာရေးကိရိယာပစ္စည်းတွေကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းအမ်းမြို့နယ်ပညာရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


 အမ်းမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၊ကိုယ်ပိုင်အထက် တန်းကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း (၂၂၃) ကျောင်းရှိရာ အ.ထ.က  (၁၁) ကျောင်း ၊ အ.ထ.က(ခွဲ)(၁၁) ကျောင်း ၊ အ.လ.က  (၂၇) ကျောင်း၊ အ.လ.က (ခွဲ) (၂၈) ကျောင်း ၊(မူလွန်)(၃၅) ကျောင်း ၊ အ.မ.က  (၆၅) ကျောင်း ၊ အ.မ.က(ခွဲ)(၄၁) ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း (၃)ကျောင်းနှင့်ကိုယ်ပိုင်အထက်တန်း ကျောင်း (၂)ကျောင်း တို့ဖြစ်ကြောင်းသိရပြီး၎င်းတို့အား  ယနေ့ နံနက်ပိုင်းကစပြီး အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၃၁ ရက်နေ့အထိကျောင်း သား ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)