ရုရှားနိုင်ငံ၊ The Fund RC-Investments မှ မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံ၊ The Fund RC-Investments မှ မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ် လှူဒါန်း



MNP ၊ မေ ၂၃

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Fund RC-Investments က ၂၂-၅-၂၀၂၃ ရက်၊ မော်စကိုစံတော်ချိန် ၁၂၀၀ နာရီတွင် မြန်မာသံရုံး၊ မော်စကိုမြို့သို့ လာရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုသို့ လှူဒါန်းရာတွင် The Fund RC-Investments ကိုယ်စား ဒါရိုက်တာ Mr. Alexander Shatirov က အလှူငွေ ရူဘယ်လ် ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းတိတိ) ကို ပေးအပ်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက အလှူငွေများကို လက်ခံရယူခဲ့သည်။ ထို့နောက် Mr. Alexander Shatirov က မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် စာနာထောက်ထားမှုအနေဖြင့် The Fund RC-Investments က တစ်တပ်တစ်အား ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့မှုအပေါ်  မြန်မာသံအမတ်ကြီးက ယခုကဲ့သို့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးကူညီပေးမှုအတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများကို မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)