ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေးလျက်ရှိ





MNP ၊ မေ  ၂၃

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက စ၍ မြို့နယ်ထွေအုပ်ရုံးတွင်  မြန်မာစီးပွားရေးဘဏ်အားယာယီဖွင့်လှစ်ကာဘဏ်ဝန်ထမ်းများကထုတ်ပေးလျက်ရှိကြောင်းသိရသည်။


     ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင်းပင်စင်စားဝန်ထမ်း(၁၆၆၀)ဦးရှိပြီး  မေလ ၂၂ရက် နေ့မှစတင်၍ လကုန်ရက်အထိနေ့စဉ်နံနက် ၇နာရီမှ နေ့လယ် ၂နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာ များကို ကိုယ်စားလှယ်လွှဲစာဖြင့်မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွါးရေးဘဏ် ကစီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ် လဆန်းရက် ၊ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင်  ပင်စင်လစာများကိုဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)