ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ





MNP ၊ မေ  ၂၄

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား ယမန်နေ့ နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


   ထိုသို့ထုတ်ချေးရာတွင် ရွှေတောင်မြို့နယ်အနေဖြင့် ၂၀၂၃-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရန် တောဟိုင်​ကျေးရွာအုပ်စု အတွင်းရှိတောဟိုင်ကျေးရွာ၊ သခွပ်ကုန်းကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ကြို့ကုန်းကျေးရွာရှိတောင်သူ (၁၀၄)ဦးဖြစ်ပြီး တစ်ဧကလျှင် ချေးငွေကျပ် ၁၅၀၀၀၀/-နှုန်းဖြင့် လယ်ဧက (၆၀၈)ဧကအတွက် ငွေကျပ်သိန်း (၉၁၂)သိန်းအားထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


     ရွှေတောင်မြို့နယ် ၊ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်းရှိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃-ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၂၄-ခုနှစ် ၊ဧပြီလကုန် သတ်မှတ်ရက်အတွင်း နောက်ဆုံးထားပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊မန်နေဂျာ ဒေါ်သီသီလှိုင်က ရှင်းလင်းပြောကြားခဲ့သည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment