ရွှေတောင်မြို့နယ်တွင်ကမ်းပါးပြိုကျသည့် လူနေအိမ် ( ၂၇) လုံးအား ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မဲစနစ်ဖြင့်နေရာချထားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်ကမ်းပါးပြိုကျသည့် လူနေအိမ် ( ၂၇) လုံးအား ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မဲစနစ်ဖြင့်နေရာချထားဆောင်ရွက်






MNP ၊ မေ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာရှိလူနေအိမ်  ( ၂၇) လုံးအားကမ်းပါးပြိုကျ၍ ဘေးလွတ်ရာနေရာ၌ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက်ဝယ်ယူထားရှိပြီး စနစ်တကျ မြေကွက်ရိုက်ထားပြီးဖြစ်သောမြေနေရာပေါ်တွင် ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မဲစနစ်ဖြင့်နေရာချထားခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


       အဆိုပါလူနေအိမ်  ( ၂၇) လုံးအားကမ်းပါးပြိုကျ၍ ဘေးလွတ်ရာနေရာ၌ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ( ၅၀၀၀၀၀၀/-) ကျပ်ဖြင့်ဝယ်ယူထားရှိသောယာမြေဧရိယာ ( ၁ . ၂၀) ဧကပေါ်ရှိ မြေကွက် ( ၂၇) ကွက်အား စနစ်တကျ ဖော်ထုတ်၍ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်  ဦးကျော်လွင်  ဦးဆောင်၍ ကမ်းပါးပြိုအိမ်ထောင်စုများအား မဲစနစ်ဖြင့်စနစ်တကျခွဲဝေနေရာချထားပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)