ကျိုက်ထိုမြို့နယ်တွင် ရုံးစာရေးသားနည်းဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ရုံးစာရေးသားနည်းဆင့်ပွားသင်တန်းဖွင့်လှစ်





MNP ၊ မေ  ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ရုံးစာရေးသားနည်းဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထိုမြိုနယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ဌာနဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ရုံးလုပ်ငန်းများစနစ်တကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကိုစီမံဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကား ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ်ဦးစီးအရာရှိကဦးစီးဌာန(ရုံးချုပ်၊ပြည်နယ်၊ခရိုင်)တို့တွင် သင်ကြားခဲ့သော ဘာသာရပ်များဖြစ်သည့်  ရုံးလုပ်ငန်းသဘောတရားများ၊ဝင်စာများကိုအရေးယူဆောင်ရွက်ခြင်း၊ထွက်စာများကိုအရေးယူဆောင်ရွက်ခြင်း၊ရုံးစာရေးသားနည်း၊လုပ်ငန်းစီမံချက်ရေးသားခြင်း၊ရုံးလုပ်ငန်းများစစ်ဆေးခြင်း၊စာတွဲခြင်းနှင့်စာတွဲထိန်းသိမ်းခြင်း စသည်တို့ကို  ပြန် လည် ဆင့်ပွားကာ သင်ကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ ကျိုက်ထိုမြို့နယ်ရုံးမှ  ဝန်ထမ်း များတက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက် ကြာ ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။


ပြည့်ဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)