တိုင်းဒေသကြီးဝန်ကြီးချုပ် မုန်တိုင်းဘေးရှောင်နေရပ်ပြန် ပြည်သူများကို အားပေးစကားပြောကြားပြီး ထမင်းထုပ်များပေးဝေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် မုန်တိုင်းဘေးရှောင်နေရပ်ပြန် ပြည်သူများကို အားပေးစကားပြောကြားပြီး ထမင်းထုပ်များပေးဝေလှူဒါန်း




MNP ၊ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊ ကမ်းနားလမ်းရှိဦးဟိုက်ပင့်တံတားတွင် လပွတ္တာမြို့ပေါ်၌ မုန်တိုင်းဘေးရှောင်ရန်ရောက်ရှိနေသည့် ပြည်သူများမှ ၎င်းတို့နေထိုင်ရာကျေးရွာအုပ်စုများသို့ ပြန်လည်ထွက်ခွာမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး မုန်တိုင်းဘေးရှောင်ပြည်သူများကို စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာမြို့မှကျေးရွာအသီးသီးသို့ ပြန်ကြမည့်မုန်တိုင်းဘေးရှောင် နေရပ်ပြန်ပြည်သူများကို ရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍အားပေးစကားများပြောကြားခဲ့ပြီး မုန်တိုင်းဘေးရှောင်ပြည်သူ (၂၇၈၈)ဦးတို့အားထမင်းဘူး၊ ခေါက်ဆွဲခြောက်၊ မုန့်နှင့်ရေသန့်ဘူးတို့အား ကျွေးမွေးလှူဒါန်းခဲ့သည်။

ဝန်ကြီးချုပ်သည် လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ထားသောရေယာဉ် (၂၄)စီးဖြင့် မုန်တိုင်းရှောင်ပြည်သူများအား ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)