မြေပုံမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်သော ဝန်ကြီးများအဖွဲ့ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်သော ဝန်ကြီးများအဖွဲ့ရောက်ရှိ



MNP ၊ မေ  ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်တွင် ရဟတ်ယာဉ်ဖြင့် မြေပုံမြို့သို့ ရောက်ရှိသည်။


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ‌ဒေါက်တာတင်ထွဋ်၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲ (၁၇)ဦး ပါဝင်သော အဖွဲ့သည် မြေပုံမြို့သို့ရောက်ရှိ လာရာ လှုပ်ရှားစစ်ဗျူဟာ(၂)မြေပုံ ဗျူဟာမှူး၊ ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများက ရဟတ်ယာဉ်ကွင်း၌ ကြိုဆိုပြီး မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသော ကမ်းနားလမ်း လှိုင်းကာနံရံပျက်စီးမှုအား သွားရောက်ကြည့်ရှု ခြင်း၊ တောင်ပေါ်ရပ်ကွက်ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက်ကြည့်ရှုကာ စခန်းတွင်းနေထိုင်သူများအား မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု များအတွက် ငွေကျပ်သိန်း(၅၀)နှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ အငူကျေးရွာသို့သွားရောက်ပြီး ကမ်းနားလှိုင်းကာကွန်ကရစ်လမ်း ပျက်စီးမှုအခြေ အနေအား သွားရောက်ကြည့်ရှုကာ အငူကျောင်းသစ်(ဘုန်းတော်ကြီးကျောင်း)ရှိ ဓမ္မာရုံ၌ မုန်တိုင်းသင့် ပြည်သူများအားတွေ့ဆုံပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း(၂၀၀)နှင့် ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကနဦး ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ငွေကျပ်သိန်း(၁၀၀)အား နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးလှမိုးတို့က ပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်မှ လက်ခံရယူပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ‌ဒေါက်တာတင်ထွဋ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း တို့က ပေးအပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူကာ မုန်တိုင်းသင့် ပြည်သူများကိုယ်စား ကံသာထွက်ဝရပ်ကွက်မှ ပြည်သူ ဦးမောင်သန်း က ကျေးဇူးတင် စကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးများက မုန်တိုင်းသင့် ပြည်သူများအား ရင်းရင်းနှီးနှီးအားပေး စကားပြောကြားပြီး ရဟတ်ယာဉ်ဖြင့် ကျောက်ဖြူမြို့သို့ ထွက်ခွာ သွားကြောင်းသိရသည်။


တင်ဝင်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)