MNP ၊ မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေး Talk Show ကို ယမန်နေ့ညနေပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက လောကနီတိတွင် လူ့ဘဝကိုအပိုင်းသုံးပိုင်းဖြင့် ပိုင်းခြားကြည့်လျှင် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာနှင့် တတိယအရွယ်မှာ တရားဘာဝနာရှာဆိုသည့်အတိုင်း ပထမအရွယ် ဖြစ်သည့် လူငယ်များအနေဖြင့် ပညာကိုလေ့လာဆည်းပူးရမည်ဖြစ်ကြောင်း “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဓာတ်ပုံ-၂ ဦးကိုကိုနိုင်က “လူငယ်နှင့်ကြီးပွားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က လူငယ်များအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်အောင် နေထိုင်ရမည်ဖြစ်ကြောင်း “လူနှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အားချာ
https://t.me/MyanmarNationalPost

No comments:
Post a Comment