မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်





MNP ၊ မေ  ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်နှင့် စလင်းမြို့နယ်အတွင်း မေလ ၁၃ ရက်နေ့ညပိုင်းမှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရပ်ကွက်၊ ကျေးရွာများတွင် ပျက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝင်ကြီးများနှင့်အတူ မေလ ၁၅ ရက်နေ့နံနက်ပိုင်းက အဆိုပါမြို့နယ်များသို့ သွားရောက်ကြည့်ရှု၍ ရေဘေးရှောင်ပြည်သူများနှင့်‌ တွေ့ဆုံအားပေးစကားများပြောကြားကာ  ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။


စလင်းမြို့နယ်တွင် မေလ ၁၃ ရက်နေ့ညမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရပ်ကွက်၊ ကျေးရွာများတွင် ပျက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး  ပြိုကျပျက်စီးဆုံးရှုံးမှုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ တိုင်း/ခရိုင်ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါကာ  စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာအုပ်စု၊ တောစိမ့်ကျေးရွာ မကွေးဆေးတက္ကသိုလ်လက်အောက်ရှိ ကျန်းမာရေးဌာနခွဲရုံး ခြံစည်းရိုးအုတ်တံတိုင်း(၈)ပေခန်း အခန်း(၂၀) ပြိုကျပျက်စီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရှင်ပင်ဘုန်းပွင့်ဓမ္မာရုံတွင် အမှတ်(၃)ရပ်ကွက်မှ ရေဘေးရှောင် အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၁၄၉)ဦးတို့အားတွေ့ဆုံ၍ အားပေးစကားများပြောကြားကာ အိမ်ထောင်စုတစ်လျှင် ဆန်ရိက္ခာ(၃)ပြည်၊ ရေသန့်(၁)လီတာ(၃)ဗူး၊ ခေါက်ဆွဲခြောက်ထုပ်(၃)ထုပ်၊ ရေသန့်ဆေးပြား(၁၀)ပြားနှင့် ဆေးဝါးမျိုးစုံတို့အား ထောက်ပံ့ပေးအပ်ကာ စားသောက်ဖွယ်ရာမုန့်များကို ဝေငှပေးခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံသို့သွားရောက်၍ ဆေးရုံအတွင်း ရေကြီးရေလျှံ၍ ရေဝင်ရောက်ခဲ့မှုများကြောင့် သဲနှုန်းများ တင်ကျန်နေမှုကို ရှင်းလင်းဆောင်ရွက်နေသော တိုင်း၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆေးရုံဝန်ထမ်းများနှင့် ဒေသခံများ စုပေါင်းရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ ခွဲစိပ်ဆောင်နှင့် ဓာတ်မှန်ခန်း ရေဝင်ရောက်ခဲ့မှုအခြေအနေများအား လိုက်လံကြည့်ရှု၍ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကာလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားပေါ်မှ ရေလွှမ်းမိုးမှုအခြေအနေများနှင့် လူနေအိမ်များ ချောင်းရေဝင်ရောက်မှုများ၊ တညောင်-စလင်းကားလမ်းတစ်လျှောက် ရေဝင်ရောက်မှုများကို လှည့်လည်ကြည့်ရှုကာ ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။


ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စကုမြို့သို့ ရောက်ရှိပြီး၊ မင်းဘူးခရိုင်အတွင်းတွင် ဆိုင်ကလုန်း မုန်တိုင်းမိုခါအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ စကုမြို့တွင် နေအိမ်(၄)လုံးမျောပါကာ အိမ်ထောင်စု(၄၁၁)စုမှု လူဦးရေ(၁၆၀၃)ဦး ရေဘေးသင့်ခဲ့ပြီး၊ ရေဘေးလွတ်ရာဓမ္မာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရသည့် ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က စကုမြို့ ပေါင်းနားရပ်ဓမ္မာရုံနှင့်  သက္ကျမဇ္ဈူဓမ္မာရုံတို့တွင်တွေဆုံ၍ အားပေးစကားများပြောကြားကာ မျောပါနေအိမ် (၄)လုံးအတွက် တစ်အိမ်ထောင် လျှင်(၁)သိန်းကျပ်နှုန်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံးတစ်ပုံးစီနှင့် ရေဘေးသင့်အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုကို ဆန် ၃ ပြည်၊ ခေါက်ဆွဲခြောက် ၃ ထုပ်၊ ရေသန့် 1 Letter ၃ဘူး၊ ရေသန့်ဆေးပြား ၁ ကဒ်နှင့် ဆေးဝါးမျိုးစုံစုစုပေါင်း ထောက်ပံ့ပေးအပ်မှုတန်ဖိုးငွေကျပ်မှာ (၄၇)သိန်းကျော်တို့အား ထောက်ပံ့ပေးအပ်ကာ  စားသောက်ဖွယ်ရာမုန့်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)