ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်‌အေးနှင့် ဝန်ကြီးများအဖွဲ့သည် မိုင်းပန်မြို့နယ်သို့ရောက်ရှိ၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်‌အေးနှင့် ဝန်ကြီးများအဖွဲ့သည် မိုင်းပန်မြို့နယ်သို့ရောက်ရှိ၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး



MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် မိုင်းပန်မြို့နယ် စဝ်ကောလီခန်းမသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မိုင်းပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ဒေသအတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ဒေသ၏ လိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်ချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး စဝ်ကောလီခန်းမတွင် ခင်းကျင်းပြသထားရှိသည့် ဒေသအတွင်းအသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများဖြစ်သော ဒေသထွက်ကုန်ပစ္စည်းများ ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


နော်မှိုင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment