စစ်တွေမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ မေ ၅

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ စစ်တွေမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်က မြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ ကြောင်းသိရသည်။


ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးကျော်လွင် က ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း၌ မေလ(၇)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း(Law Pressure Area)တစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း (Law Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ကာ မေ(၈)ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ရောက်ရောက်ရှိနိုင်၍ ရခိုင်ပြည်နယ်သို့ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကြောင့် မိမိတို့မြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန် နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဖွဲ့စည်းထား သောလုပ်ငန်း‌ကော်မတီများအနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့်မုန်တိုင်းနှင့်ပတ်သက် သည့် သတင်းအချက်အလက်များကိုပြည်သူသို့ အချိန်မီအသိပေးပြန်ကြားနိုင်ရေးတို့ကိုဆောင်ရွက်ရန် လိုအပ်ကြောင်းဆွေးနွေးပါသည်။


ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ က မြို့နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ်ကျရောက် နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများတွင် ကြိုတင်ဆောင်ရွက်မည့်အခြေအနေများ ၊ Cyclone Shelter ထားရှိမှုအခြေအနေ ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ဖွဲ့စည်းထားရှိမှုအခြေအနေ များကိုရှင်းလင်းတင်ပြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များကို ထပ်မံဆွေးနွေး သည်။


အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။      


ဦးမြင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)