တာမွေမြို့နယ်တွင် ယဉ်ကျေးလိမ္မာ စာမေးပွဲ ကျင်းပနေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ယဉ်ကျေးလိမ္မာ စာမေးပွဲ ကျင်းပနေမှု အခြေအနေများအား လိုက်လံကြည့်ရှုအားပေး





MNP ၊ မေ  ၂၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ အနေဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် ဘာသာတရားတို့ကို နားလည် သဘောပေါက်ပြီး အစဉ်အမြဲ မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေ မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယဉ်ကျေးလိမ္မာစာမေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ယဉ်ကျေးလိမ္မာစာမေးပွဲ ကျင်းပပြုလုပ်နေမှု အခြေအနေများအား သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ယဉ်ကျေးလိမ္မာ စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ် လူရွယ်လေးများ စိတ်ပါဝင်စားစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)