ပေါင်မြို့နယ်တွင်သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ( Talk Show )ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ( Talk Show )ပြုလုပ်ကျင်းပ



MNP ၊ မေ  ၂၆

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင်    သွေးလွန်တုပ်ကွေးရောဂါအကြောင်း  အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှ မိခင်ကလေး၊ကျောင်းကျန်းမာ၊အာဟာရ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင် က ‌သွေးလွန်တုပ်ကွေးရောဂါကူးစက်တတ်သည့်လက္ခဏာများ၊သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားမှတဆင့်ကူးစက်နိုင်ပါကြောင်း၊မနက်(၆)နာရီမှညနေ(၆)နာရီအတွင်း  ကိုက်သောခြင်သည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်နိုင်ကြောင်း၊ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများကိုလည်း ခြင်မကိုက်နိုင်အောင် ကျန်းမာရေးဌာနမှ အခမဲ့ပေးထားသော ဆေးစိမ်ခြင်ထောင်အပြင်တစ်ခြား ခြင်လုံသော ခြင်ထောင်များကိုသေချာပြင်ဆင်ပြီး ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်ပါကြောင်း၊ယခုရာသီသည်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်သည့်အတွက် ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများကိုဂရုစိုက်ကြရမည်ဖြစ်ပါကြောင်း သွေးလွန်တုပ်ကွေးနှင့်ပတ်သက်သည့်သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)