MNP ၊ မေ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉နာရီက သံတွဲမြို့နယ် ကျားကိုက်ကျေးရွာ မူလတန်းကျောင်းသို့ ရောက်ရှိကာ အမိုးသွပ်ပြားများ လေဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြန်လည်မိုးရန်လိုအပ်သည့် အမိုးသွပ်ပြား (၁၀)ချပ်အားထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ လေဘေးသင့်၍ ပညာရေး၊ ကျန်းမာရေးနှင့် သာသနိကအဆောက်အအုံများ တစ်စိတ်တဒေသပျက်စီးခဲ့သည့် ကျေးရာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူ စာသင်ကျောင်းများ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အမိုးသွပ်ပြားများကို မနက်ဖန်အပြီး မိုးပေးကြရန်၊ နှင့် သာသနိကအဆောက်အအုံများကိုလဲ ဆရာဒကာပူးပေါင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဦးဆောင်ပြီး အမြန်ဆုံးပြီးစီးရေးတို့ကို ညီညီညွတ်ညွတ် ပူပေါင်းဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့သည်။
ပြီးနောက် သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်၍ အမိုးသွပ်ပြားလိုအပ်သည့် မူလတန်းကျောင်း ၄ ကျောင်းအတွက် အမိုးသွပ်ပြား (၅၁)ချပ် ၊ သာသနိကအဆောက်အအုံ ၁၀ ခုအတွက် (၂၃၉)ချပ်၊ ဆင်ခေါင်းကျေးလက်ကျန်းမာရေးဌာနအတွက်( ၂၀ )ချပ်၊ ခရိုင်ပြည်သူ့ဆေးရုံဝန်ထမ်းဆောင်အတွက် (၁၀)ချပ်နှင့် အားကစားခန်းမအတွက်လိုအပ်သည့်သွပ် (၂၈)ချပ် စုစုပေါင်းအမိုးသွပ်ပြား ( ၃၄၈)ချပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုထောက်ပံ့ပေးအပ်ခဲ့သော အမိုးသွပ်ပြားများသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၏စီစဉ်မှုဖြင့် အလှုခံရရှိခဲ့သော သွပ်ပြားဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ပြောကြားချက်အရသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment