တပ်ကုန်းမြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ လူနေအိမ် အမိုးလန်ပျက်စီးမှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ လူနေအိမ် အမိုးလန်ပျက်စီးမှုဖြစ်ပွား



MNP ၊ မေ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာများတွင် လူနေအိမ်အချို့ အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။


အဆိုပါကျေးရွာများသို့ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်မိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ  တပ်ဖွဲ့ဝင်များ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပြီး၊ အောင်မြေရိပ်သာကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာတွင် လူနေအိမ် ၈ လုံး၊ အောင်မြေရိပ်သာကျေးရွာအုပ်စု၊ ဒယောက်ကူးကျကွမ်တွင် လူနေအိမ် ၅ လုံး၊ ရွှေမြို့ကျေးရွာအုပ်စု၊ ပင်းစုကျေးရွာတွင် လူနေအိမ် ၁ လုံး၊ သပြေကုန်းကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၃ လုံး၊ အုန်းပင်ကျေးရွာတွင် လူနေအိမ် ၁ လုံးတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)