ဗန်းမော်မြို့ သမိုင်းဝင် ရွှေကျီးနားမဟာစေတီတော်မြတ်ဝင်းအတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့ သမိုင်းဝင် ရွှေကျီးနားမဟာစေတီတော်မြတ်ဝင်းအတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပြုလုပ်





MNP ၊ မေ ၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သမိုင်းဝင်ရွှေကျီးနားမဟာစေတီတော်မြတ် ဘုရားဝင်းအတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မေ ၃ ရက် နံနက် ၅ နာရီတွင် ဗောဓိညောင်ပင်၌ ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း၊ သံဃာတော်များနှင့် သီလရှင်များအား အာရုဏ်ဆွမ်းကပ်လှူခြင်းပြုလုပ်ခဲ့ခြင်း နံနက် ၉ နာရီတွင် ဗောဓိညောင်ပင်အား အနေကဇာတင်ခြင်း၊ နံနက် ၁၀ နာရီခွဲတွင် ပင့်သံဃာအပါး (၁၀၀)ကျော်နှင့် သီလရှင် (၃၀)ပါးတို့အား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။

ယင်းနောက် ညနေ ၅ နာရီတွင် သာသနဟိကသာရီဓမ္မာရုံ၌ တံခွန်တိုင်ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တ ဣန္ဒာသဖ က နိဗ္ဗာန်ရောက်ကြောင်း တရားဟောကြားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)