ရန်ကင်းမြို့နယ်တွင် ကဆုန်လနှင့်ညောင်ရေသွန်းပွဲတော်အကြောင်း အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် ကဆုန်လနှင့်ညောင်ရေသွန်းပွဲတော်အကြောင်း အသိပညာပေး Talk Show ကျင်းပ



MNP ၊ မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ၊ ပြည်သူများ မြန်မာ့ဆယ့်နှစ်လရာသီနှင့် ပွဲတော်များအကြောင်း သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီး၊ ကဆုန်လတွင် ကျင်းပသည့်ညောင်ရေသွန်းပွဲတော်သည် စည်ကားသိုက်မြိုက်လှသော ပွဲတော်တစ်ခုဖြစ်ပြီး၊ ညောင်ရေသွန်းပွဲတော်ဓလေ့သည် မြန်မာမင်းအဆက်ဆက်မှ ယနေ့ခေတ် တိုင်အောင် ကျင်းပလာခဲ့သော မြန်မာ့ရိုးရာဘာသာရေးပွဲတော်တစ်ခုဖြစ်ကြောင်းနှင့် ရှေးခေတ်စာရေးဆရာများပင်လျှင် ညောင်ရေသွန်းပွဲတော်နှင့် ပတ်သက်သည့် ရတု၊ ရကန်၊ ကဗျာများဖြင့် အမျိုးမျိုး ဖွဲ့နွဲ့ရေးသားခဲ့ကြကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ စာရေးဆရာ မောင်မောက်(ဝတ်လုံ)က ဘုရားအလောင်းတော် သိဒ္ဓမင်းသားကို ကဆုန်လပြည့်နေ့၌ ဖွားမြင်ခဲ့ရာ ဘုရားဖြစ်တော်မူသောရက်မှာလည်း ကဆုန်လပြည့်နေ့တွင်ဖြစ်ကြောင်း၊ မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့မှပင် ပရိနိဗ္ဗာန်စံတော်မူခဲ့သောကြောင့် ထိုနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ်အမြတ်ထားခဲ့ကြောင်း၊ ကဆုန်လ သည် အပူချိန်လွန်ကဲသော လဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြရာ ညောင်ရေသွန်း ပွဲတော်သည် မြန်မာတို့၏ ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ပေါက်ဖွားလာသော ပွဲတော်တစ်ခုဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက အနာဂတ်လူငယ်များအတွက် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)