ပြင်ဦးလွင်မြို့ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီးတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဒုတိယအကြိမ်မြောက် သံဃာတော် (၂၀၇)ပါး သံဃပူဇာ ဆွမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီးတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဒုတိယအကြိမ်မြောက် သံဃာတော် (၂၀၇)ပါး သံဃပူဇာ ဆွမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပ










MNP ၊ မေ ၃

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နံနက် ၆ နာရီမှစတင်၍ ဒုတိယအကြိမ်မြောက် သံဃာတော်(၂၀၇)ပါးအား လှူဖွယ်ပစ္စည်းများနှင့် သံဃပူဇာဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၂)ရှိ  သံဃသာမဂ္ဂီ မဟာပဝါရဏာ သိမ်တော်ကြီး၌  ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ သံဃာတော်(၂၀၇)ပါး သံဃပူ‌ဇာ ဆွမ်းလောင်းလှူပွဲ အခမ်းအနားသို့ ပြင်ဦးလွင် တပ်နယ်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တပ်နယ်မိသားစုများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့ များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များ စုစုပေါင်း(၁၀၀၀)ဦး ခန့်လာရောက် လောင်းလှူ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။


ပြင်ဦးလွင်မြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဒုတိယအကြိမ်မြောက် သံဃာတော် (၂၀၇) ပါး သံဃပူဇာ ဆွမ်းလောင်းလှူပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆင်ယင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာ (၂၀၇)ပါး အား  လှူဒါန်းငွေကျပ်တန်ဖိုး (၁၉၇၃၀၅၀၀)နှင့် လှူဖွယ်ဝတ္ထုပစ္စည်းတန်ဖိုး(၄၇၈၉၀၀၀) စုစုပေါင်းတန်ဖိုး (၂၄၅၁၉၅၀၀) ကျပ်ခန့် လှူဒါန်းပူဇော်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


 ဖြူလူသစ်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)