ကန်ကြီးထောင့်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆွေးနွေး




MNP ၊ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ မြို့နယ်င်္စမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ခဲ့ကြပြီး ကန်ကြီးထောင့်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသလုံခြုံရေး အခြေအနေများ၊ ကိုဗစ်-၁၉ကြိုတင်ကာကွယ် ရေးအခြေအနေများ၊ ဒေသတွင်းစိုက်ပျိုးရေး အခြေအနေများ၊ ကန်ကြီးထောင့်မြို့နယ်အား Clean City၊Green City၊Smart Cityဖြစ်လာစေရေး အခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါအစည်းအဝေးတွင် လာမည့်ကဆုန်လပြည့်နေ့တွင်  သံဃာတော်များအား မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်ညောင်ရေသွန်းပွဲအား  စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် ကိုဗစ် ၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား အလေးထားညှိနှိုင်းခဲ့ကြကြောင်း သိရသည်။


မဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)