တောင်ကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲပြုလုပ်



MNP ၊ မေ  ၁၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဌာနဆိုင်ရာများ၏ လုပ်ငန်းကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်မြို့နယ် စုပေါင်းရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်က အမှာစကားပြောကြားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ စီမံကိန်းရည်မှန်းချက် တာဝန်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးလက်ခံရယူခဲ့ကြသည်။


ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီချိုက ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)