တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပြိုကျ ပျက်စီးသွားသော နေအိမ်များ အား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပြိုကျ ပျက်စီးသွားသော နေအိမ်များ အား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်


MNP ၊ မေ  ၁၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ တာဝန်ရှိသူ များ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရွေးနဒီခန်းမတွင် လပွတ္တာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပြိုကျပျက်စီးခဲ့သည့် ကျေးရွာအုပ်စု (၁၃)ခုမှပြိုကျ ပျက်စီးသည့် နေအိမ်(၄၁)လုံး၊ အမိုးလန်နေအိမ် (၃၃)လုံး စုစုပေါင်း နေအိမ် (၇၄) လုံးအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်ငွေ (၅၇၄၃၁၀၀)နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ထောက်ပံ့ ပေးအပ်သည့် ငွေကျပ်သိန်းသုံးဆယ် စုစုပေါင်း (၈၇၄၃၁၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ သည်။ ဝန်ကြီးချုပ်သည် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဥယျာဉ်ကုန်းလမ်းရှိ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနပိုင် အဆောက် အဦ ပြိုကျပျက်စီးမှုအခြေအနေနှင့် အမှတ်(၅) ရပ်ကွက်၊ စိန်ရတုလမ်းရှိ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် ခြင်းလုံး

အားကစားရုံ အမိုးလန်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ (၃)မိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အင်ကြင်း လမ်းရှိ လပွတ္တာခရိုင် မီးသတ်စခန်း၊ (၆)ခန်းတွဲ(၂)ထပ် ဝန်ထမ်းနေအိမ်အပေါ်ထပ် အမိုးလန်ပျက်စီးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သွပ်(၁၀၀)ချပ်နှင့် ခေါက်ဆွဲခြောက်(၁)ဖာတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာရှိ တောင်သူ ဦးမန်းဖြူ ပိုင်ဆိုင်သော လယ်မြေ(၂၄)ဧက၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းတွင် မျိုးစေ့များ ကြဲပက်စိုက်ပျိုးပေး၍ တောင်သူများ အား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မောင်းဒီးကျေးရွာအုပ်စု၊ ဂေါင်းတိုကျေးရွာရှိ အမက(ဂေါင်းတို) စာသင်ကျောင်း ပြိုကျပျက်စီးမှုအား ကြည့်ရှုစစ်ဆေးပြီး သွပ် (၄၀)ချပ်၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် ခေါက်ဆွဲခြောက်(၁)ဖာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment