တိုင်းဒေသကြီးဝန်ကြီးချုပ်မုန်တိုင်းဘေးရှောင်နေရပ်ပြန်ပြည်သူများကိုအားပေးစကားပြောကြားပြီးထမင်းထုပ်များပေးဝေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ်မုန်တိုင်းဘေးရှောင်နေရပ်ပြန်ပြည်သူများကိုအားပေးစကားပြောကြားပြီးထမင်းထုပ်များပေးဝေလှူဒါန်း



MNP ၊ မေ  ၁၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊ ကမ်းနားလမ်းရှိဦးဟိုက်ပင့်တံတားတွင် လပွတ္တာမြို့ပေါ်၌ မုန်တိုင်းဘေးရှောင်ရန်ရောက်ရှိနေသည့် ပြည်သူများမှ ၎င်းတို့နေထိုင်ရာကျေးရွာအုပ်စုများသို့ ပြန်လည်ထွက်ခွာမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး မုန်တိုင်းဘေးရှောင်ပြည်သူများကို စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာမြို့မှကျေးရွာအသီးသီးသို့ ပြန်ကြမည့်မုန်တိုင်းဘေးရှောင် နေရပ်ပြန်ပြည်သူများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ၍အားပေးစကားများပြောကြားခဲ့ပြီး မုန်တိုင်းဘေးရှောင်ပြည်သူ (၂၇၈၈)ဦးတို့အားထမင်းဘူး၊ ခေါက်ဆွဲခြောက်၊ မုန့်နှင့်ရေသန့်ဘူးတို့အား ကျွေးမွေးလှူဒါန်းခဲ့သည်။


ဝန်ကြီးချုပ်သည် လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဥ်ထားသောရေယာဥ် (၂၄)စီးဖြင့် မုန်တိုင်းရှောင်ပြည်သူများအား ၄င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment