ဗန်းမော်မြို့တွင် လူရည်ချွန် မောင်မယ်တွေ့ဆုံပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် လူရည်ချွန် မောင်မယ်တွေ့ဆုံပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲကျင်းပ



MNP ၊ မေ  ၁၇

ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်ခရိုင် “လူရည်ချွန်မောင်မယ် တွေ့ဆုံပွဲနှင့် အတွေ့အကြုံ ရှင်းလင်းပွဲ” ကို  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြညီလာ ခန်းမတွင် ယမန်နေ့  နံနက် ၉ နာရီက ကျင်းပခဲ့ သည်။


အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးထွန်းအေးကျော်က လူရည်ချွန်ရွေးချယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးအောင်ထွန်းတိုး က ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် "ချယ်ရီတန်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-11 လူရည်ချွန် မောင်ကောင်းဆက်သာက လူရည်ချွန် အတွေ့အကြုံကို ပရိုဂျက်တာ ဖြင့်ရှင်းလင်း ပြောကြားကာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ရာ လူရည်ချွန်မောင်မယ်များက လက်ခံရယူသည်။ ဆက်လက်၍ ဗန်းမော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 လူရည်ချွန်မယ် မဒွဲလိန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)