MNP ၊ မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်များစာပေလေ့လာဖတ်ရှုမှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
စာပေစကားဝိုင်းတွင် ကောင်းမွန်သည့် ပတ်ဝန်းကျင်သည် လူငယ်များအတွက် ဘ၀တိုးတက်မှုကို အထောက်အကူဖြစ်စေသည့် အကြောင်းအချက်များ၊ ဘဝကိုအနှစ်သာရပြည့်ဝစွာကျော်ဖြတ်ရန် လိုအပ်သည့်အကြောင်းအရာများ၊ လူငယ်များအနေဖြင့် ဘဝအတွက် လျှောက်သောလမ်းများ ဖြောင့်ဖြူးသာယာစေရန် လိုအပ်သည့်အကြောင်းအရာများ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာပေစကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်၊ စာပေသုခုမရင်ပြင်မှ စာရေးဆရာ ဘုန်းဇော်မိုး(ဥဿာ)နှင့် စိုင်းမြတ်သူ(ရွှေဘို)တို့က ဆွေးနွေးခဲ့ကြပြီး အဆိုပါ စကားဝိုင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စိမ်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment