မြောင်းမြမြို့သို့ မုန်တိုင်းလာရောက် ရှောင်တိမ်းနေသည့်ပြည်သူများ နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့သို့ မုန်တိုင်းလာရောက် ရှောင်တိမ်းနေသည့်ပြည်သူများ နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိရေးဆောင်ရွက်


MNP ၊ မေ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လပွတ္တာခရိုင် ကျေးရွာများမှ  မုန်တိုင်းလာရောက် ရှောင်တိမ်းနေသည့် ပြည်သူများ နေရပ်ဒေသများသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် ယမန်နေ့ နံနက်က မော်တော်ယာဥ် ၁၆ စီးဖြင့် ကားများ စီစဉ်ထားရှိဆောင်ရွက်လျက် ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် မြောင်းမြခရိုင်နှင့် မြို့နယ်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောင်းမြမြို့ မြစိမ်းရောင် တောင်ပေါ်တွင် မုန်တိုင်းလာရောက် ရှောင်တိမ်းနေသည့် ပြည်သူ ၄၃၁ ဦးကို မော်တော်ယာဥ် (၁၄)စီးဖြင့် လပွတ္တာမြို့နှင့် ပြင်ရွာ၊ ကြာကန် ကျေးရွာများရှိ ဆိပ်ကမ်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထို့အတူ ချမ်းမြေ့သာယာ ကျောင်းတိုက်တွင် လာရောက်ရှောင်တိမ်းနေသည့် မုန်တိုင်းရှောင်ပြည်သူများကို မော်တော်ယာဥ် ၂ စီးဖြင့် နေရပ်ဒေသများ အဆင်ပြေစွာပြန်နိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်ပေါ်တွင် လပွတ္တာဘက်မှ လာရောက်ရှောင်တိမ်းနေသော မုန်တိုင်းရှောင်ပြည်သူ ၁၀၄၉ ဦးရှိပြီး မုန်တိုင်းလာရောက် ရှောင်တိမ်းနေစဉ် ကာလတစ်လျှောက်လုံး နေထိုင်စားသောက်ရေးကို တာဝန်ရှိသူများ က တာဝန်ယူစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ (၆၉)ဦး နေရပ်ပြန်ရန် ကျန်ရှိနေပြီး ၎င်းကျန်ရှိနေသူများ နေရပ်ပြန်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)