၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်ခရိုင် (Grade-9)သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်ခရိုင် (Grade-9)သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်







MNP ၊ မေ ၁၇

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်ခရိုင် (Grade-9)သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၇ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုး က အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်တက္ကသိုလ် ပါမောက္ခ ဒေါက်တာဝင်းနိုင် က Grade-9 သင်ရိုးသစ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ကာ ခရိုင်ပညာရေးမှူး ဦးထွန်းအေးကျော် က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မေ ၁၇ ရက်မှ ၂၄ ရက်အထိ သင်တန်းပို့ချပေးမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ဆရာ/ဆရာမ (၈၇၄)ဦးဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)