မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းပင်မ ဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းပင်မ ဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး




MNP ၊ မေ  ၂၅

အလွန့်အလွန်အားကောင်းသော မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ (၂၃၀)ကေဗွီ ပင်မဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့်ကျွမ်းကျင် လုပ်သားများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၉၀ ရာခိုင်နှုန်းထိ ပြီးစီးလျက်ရှိကြောင်းသိရသည်။


    ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့်ကျွမ်းကျင် လုပ်သား(၅၆၇)ဦးတို့က ပုဏ္ဏားကျွန်းပင်မ(၂၃၀)ကေဗွီ ဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်းလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာများပြုပြင်မှုလုပ်ငန်း၊ တာဝါတိုင်နှင့်ဆက်စပ် ပစ္စည်းပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို မေလ (၁၅)ရက်နေ့မှစတင်၍ နေ့မအား ညမအား ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည်။


မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တာဝါတိုင်အမှတ် (၄၂၄)နှင့်(၄၂၅)တို့အား ဖယ်ရှားဆောင်ရွက်ခြင်း၊ ပျက်စီးခဲ့သော ဖောင်ဒေးရှင်းများ ပြန်လည် ပြုပြင်ခြင်း၊ ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလှိုင်းတွင် တာဝါတိုင်ပေါင်း(၄၄၈)တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သော တာဝါတိုင်(၁၂)တိုင်၊ တာဝါ ထိပ်ပိုင်းပျက်စီးခဲ့သည့် တာဝါတိုင်(၂)တိုင်အား အစားထိုးဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းတွင် ကွန်ကရစ်တိုင်ပေါင်း (၈၁၂)တိုင် ရှိသည့် အနက် လဲကျပျက်စီးခဲ့သည့် ဓာတ်အားတိုင်(၁၀၆)တိုင်အား အစားထိုးပြုပြင်ခြင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)