MNP ၊ မေ ၂၄
ရခိုင်ပြည်နယ်၊စစ်တေခွရိုင်၊ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့်သန့်ရှင်းသောသောက်သုံးရေများကိုရသေ့တောင်မြို့အရှေ့တောင်ရပ်ကွက် ဂူတာပြင်နှင့်တောင်ရင်းတန်ရပ်ကွက်
များရှိ ဒေသခံပြည်သူများအားရေသန့်များအားဖြန့်ဝေပေးခဲ့သည်။
ရသေ့တောင်မြို့နယ်အတွင် နွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာဆားငံရေဝင်သွားခြင်းကြောင့်သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျှက်ရှိပါသည်။
ယခုအခါ ရသေ့တောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးပြီးရေသန့်စင်ကား(၂)စီးဖြင့်မြို့ပေါ်ရပ်ကွက်(၄) ကွက်ရှိပြည်သူများ၊ယာယီနေရပ်စွန့်ခွာသူများ၊လေဘေးဒါဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှသောက်ရေများစတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၂၀၃၀၀)ဂါလံကို အကျိုးပြုပြည်သူ (၁၁၁၈၈၀) ဦးတို့အတွက်ဖြန့်ဝေနိုင်ခဲ့ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment