China-ASEAN Prosecutors General Conference အား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေးနွေး လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

China-ASEAN Prosecutors General Conference အား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေးနွေး လျက်ရှိ


MNP ၊ မေ ၂၅

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် H.E. Mr .Chen Hai ကို ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တရုတ်နိုင်ငံ ဟောင်ကောင်မြို့တွင် ကျင်းပခဲ့သော (၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asia-Africa Legal Consultative Orga-nization-AALCO)ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Wong Yi ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါကြောင်း၊ AALCO ညီလာခံတွင် တရုတ်နိုင်ငံမှ အဆိုပြုသော theme ဖြစ်သည့် “Upholding International Law for A Community of Shared Future: the Role of Asian and African Countries” အပေါ် ထောက်ခံဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ တရုတ်နိုင်ငံ China- ASEAN Legal Research Center နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ MoU အရ Legi-slative Research, Cultivation of Legal Talents နှင့် Legal Consulting Services နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ capacity building နှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက် တရုတ်နိုင်ငံသို့ စေလွှတ်၍ ပညာသင်ကြားစေခဲ့ပါကြောင်း၊ ပညာသင်သွား ရောက်သည့် ကျောင်းသားများအား ဥပဒေရေးရာကိစ္စရပ်နှင့် နိုင်ငံတကာအတွေ့အကြုံများ ရရှိ ရေး လေ့လာစေလျက်ရှိပါကြောင်း၊ China-ASEAN Prosecutors General Conference အား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေးနွေး လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပံ့ပိုးကူညီပေးမှုများအပေါ် အထူး ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအပေါ် စာနာထောက်ထားမိပါကြောင်း၊ တရုတ်နိုင်ငံက ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးမည့် MoU ကိစ္စရပ်အပေါ် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များတွင် တရုတ်နိုင်ငံက ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)