မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း၊ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်နှင့် မတော်တဆမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသော နေအိမ်တို့အတွက် ခရိုင်ဘေးစီမံမှ ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း၊ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်နှင့် မတော်တဆမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသော နေအိမ်တို့အတွက် ခရိုင်ဘေးစီမံမှ ထောက်ပံ့ငွေပေးအပ်




MNP ၊ မေ  ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း၊ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန်နှင့် မတော်တဆမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသော နေအိမ်တို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ဒုတိယဦးစီးမှူးက ယနေ့ နံနက်ပိုင်းတွင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် သံတွဲခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးက မြို့နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်တော်ကြီးကျောင်းများ ပြုပြင်ရန် အတွက် ငွေကျပ် ၁၄၈သိန်း ၁သောင်း ၂ထောင့် ၃ရာ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်ထံ ပေးအပ်ခဲ့ကြောင်းနှင့် မတော်တဆမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ် (၁)လုံးအတွက် ငွေကျပ်၁သိန်းနှင့် အိမ်အသုံးအဆောင်ပစ္စည်းအချို့ကို သက်ဆိုင်ရာတာဝန်ရှိသူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment