ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ကျိုးပဲ့ နေသည့် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ကျိုးပဲ့ နေသည့် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု





MNP ၊ မေ  ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ  ဗိုလ်ချုပ်သောင်းထိုက် ရွှေ ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ခရိုင်အုပ်ချုပ်ရေးမှူး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာ ဝန်ရှိသူ များနှင့်အတူ မြောက်ဦးမြို့ ကုန်သည် တန်း ရပ်ကွက် နန်းတော်ရာကုန်း လမ်းဘေးဝဲယာရှိ မုန်တိုင်းဒဏ်ကြောင့် ကျိုးကျနေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေ မှုကို ယနေ့ နံနက် ၈ နာရီအချိန်က ကွင်းဆင်း ကြည့် ရှု စစ်ဆေးခဲ့ကြသည်။ 


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်း ဒဏ်ကြောင့် ပြိုကျနေသည့် သစ်ပင်အိုကြီးများအား နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ မှ တပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ် ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ က ခုတ်ထွင်ရှင်းလင်း ခြင်း၊ လမ်းပိတ် ဆို့နေသည့် သစ် ကိုင်းများ  ရှင်းလင်းဖယ်ရှားခြင်း လမ်းဘေးဝဲယာခြုံနွယ်များနှင့်အမှိုက်များ ရှင်း လင်း ခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော နန်းတော်ရာကုန်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေကြသူများအား ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်အဖွဲ့မှ လိုက်လံစစ်ဆေးကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)