MNP ၊ မေ ၂၇
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က စတင်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်စီမံမှုဖြင့် အခြေခံပညာ အထက်တန်း ကျောင်းနှင့် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းတို့တွင် ကျောင်းဖွင့်အမှီ ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးကဲများနှင့် ရုံးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ဒေသခံ ပြည်သူများက စာသင်ကျောင်း အတွင်းအပြင်ရှိ ခြုံများ၊ မြက်ပင်များ၊ အမှိုက်များ ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါများ မဖြစ်ပေါ်စေရန် မသန့်ရှင်းသောရေများ၊ ရေလှောင် ကန်များ၊ ရေအိုးများ ရေများ လှဲလှယ်သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ စာသင်ခန်းများ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းl အန္တရာယ်ဖြစ်စေနိုင်သည့် ကျောင်းဆောင်များl စာသင်ခုံများအား အသေးစား ပြင်ဆင်မှုပြုလုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment