MNP ၊ မေ ၃
ရခိုင်ပြည်နယ်၊ ဂွမြို့၌ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းတွင် ဘုရားမော်စေတီတော်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးမျိုးမင်းထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဘုရားမော်စေတီတော်တွင် ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် ပန်းကပ်လှူခြင်း၊ ရေလှူဒါန်းခြင်းနှင့် ရင်ပြင်တော်အား ရေဆေးကြောသန့်စင်ခြင်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment