MNP ၊ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေး Talk Show အားကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show တွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် Book Club အဖွဲ့ဝင်ဒေါ်တင်သန်းတို့ကဆွေးနွေးရာ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်းတော်သိဒ္ဓတ္တမင်း သားကိုဖွားတော်မူခဲ့ကြောင်း၊ မဟာသက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်နေ့တွင် ဘုရားလောင်းအဖြစ်သို့ရောက်တော်မူကာ မဟာသက္ကရာဇ် ၁၄၈ ခုကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် မလ္လာမင်းတို့၏အင်ကြင်း ဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့ကြောင်း၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်၏ဘဝဖြစ်စဉ်၌ ထူးခြား လှသည့် ဖြစ်စဉ်ကြီးများနှင့် ပြည့်စုံသည့်နေ့ဖြစ်သည့်အတွက် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ ကြခြင်းဖြစ်ကြောင်း၊ ကဆုန်လတွင်ပူပြင်းခြောက်သွေ့မှုကြောင့် ညှိုးလျော်သည့် ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ရေသွန်းလောင်းပွဲကျင်းပကာ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့နှင့်ပတ်သက် သော အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် စာဖတ်ဝိုင်းများ၊ Talk Show များ၊ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်း စသည့်အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost


No comments:
Post a Comment