ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘာဝဘေးဖြစ်ပွားသည့်ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သွပ်များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘာဝဘေးဖြစ်ပွားသည့်ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သွပ်များထောက်ပံ့






MNP ၊ မေ  ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ဆိုင်ကလုန်း(မိုခါ)မုန်တိုင်း တိုက်ခတ်မှုကြောင့် စေတီကွင်းကျေးရွာအုပ်စု ကျောက်ခေါင်းကွင်းကျေးရွာရှိ စာသင်ကျောင်းတွင် အမိုးများ ပျက်စီးခဲ့သဖြင့်  အဆိုပါ စာသင်ကျောင်းအား  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်   သွပ်(၁၈၅)ချပ်ကို ယနေ့နံနက် ၈ နာရီ အချိန်က သွားရောက် ပေးအပ်ခဲ့သည်။


ထိုသို့ ပေးအပ်ရာတွင် ဗိုလ်ချုပ်စိုးနိုင်ဦး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့တက်ရောက်ခဲ့ကြပြီး  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော သွပ် (၇' x ၃') (၁၈၅)ချပ်ကို စေတီကွင်းကျေးရွာအုပ်စု ကျောက်ခေါင်းကွင်းကျေးရွာ အ.မ.က ကျောင်းမှ ကျောင်းအုပ်ဆရမကြီး ဒေါ်ခင်သန္တာအောင်နှင့် ကျေးရွာရှိပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)